နမ့်ခမ်း စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ်တွင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်၊ စာပေ ဖတ်ရှုလိုစိတ်ရှိလာစေရန်ရည်ရွယ်ပြီး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို စက်တင်ဘာ (၂၉)ရက် မွန်းလွဲပိုင်းက အ.ထ.က (၃) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ နမ့်ခမ်းမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကျောင်းသား၊ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် များကို လည်းကောင်း၊မူးယစ်ဆေးဝါး အန္တရာယ်၏ ဆိုးကျိုးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် သုတ/ရသစာပေ များ၊မဂ္ဂဇင်းများ၊ ရုပ်ပြပုံပြင်များ၊က‌လေးကဗျာများစသည့် ကလေးများ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေမည့် စာအုပ် စာပေများကို လေ့လာဖတ်ရှုစေပြီး မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေး အလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ အ.ထ.က (၃)ကျောင်းမှ ကျောင်းသား‌ ၊ကျောင်းသူများ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်းနှင့်သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး