တောင်ကြီး စက်တင်ဘာ-၂၈
၂၀၂၃ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ များနှင့်ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ(၂၇)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးရုံး၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် အမျိုးသမီးပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်း တို့ ယှဥ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရရှိပြီး အမျိုးသားပွဲစဥ်တွင် တောင်ကြီးခရိုင်အသင်းနှင့် လွိုင်လင်ခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှအနိုင်ရရှိပြီး ပြိုင်ပွဲယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီး အကောင်းဆုံး အားကစားသမားဆု ချီးမြှင့်ရာ အကောင်းဆုံး စပေးဆု၊ ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆု ရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးနှင့် အားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၏ဇနီးတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား အကောင်းဆုံး အားကစားဆုချီးမြှင့်ရာ အကောင်းဆုံး စပေးဆု၊ ပိတ်ဆို့ဆု၊ ရိုက်ခုတ်ဆု၊ ပင့်ထောင်ဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဥပဒေချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပူးတွဲတတိယဆု ရရှိသော လားရှိုးအသင်းနှင့် မိုးမိတ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တို့၏ဇနီးတို့မှ ချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ ဇနီးက ချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသားပူးတွဲ တတိယဆုရရှိသော လားရှိုးခရိုင် အသင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး တို့က ချီးမြှင့်ပေး၍ လည်းကောင်း၊ ဒုတိယဆုရရှိသော လွိုင်လင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး၊ အမျိုးသားတံခွန်စိုက် ဖလားရရှိသော တောင်ကြီးခရိုင်အသင်းအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ချီးမြှင့်ပေးပြီး ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ထို့နောက် အမျိုးသမီး၊အမျိုးသားတတိယ၊ ဒုတိယပထမဆုရရှိသော အသင်းများကို ရှမ်းပြည်နယ် အားကစား ဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ထပ်ဆောင်းဆုငွေချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး