ကျိုင်းတုံ စက်တင်ဘာ၂၆
ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၂၆)ရက် (၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း ဦးဆောင်သောအဖွဲ့ဖြင့် ပြည်နယ်ဒုထွေ/အုပ်(ကျိုင်းတုံ)မှ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဓမ္မစကြာဝတ်ရွတ် အသင်း၊ စုစုပေါင်းအင်အား(၁၀၀)ဦးဖြင့်တက်ရောက်ခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါး သီလခံယူဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်းများဆောင်ရွက်ခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး