ဟိုပုံး စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်းပက်)တို့ ပူပေါင်းကျင်းပသည့် လူငယ် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွှဲ (၂)နာရီခွဲအချိန်က အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်းပက်)တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများကို မြင့်တင်စေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့လူငယ်စကား ဝိုင်းမှ “လူငယ်နှင့်စာပေ၊ လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ လူငယ်ဆိုတာ မိသားစုတစ်ခု ရဲ့မျှော်လင့်ချက်၊ တိုင်းပြည်တစ်ခုရဲ့အနာဂတ်၊ ကမ္ဘာတစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ အလားအလာရှိတဲ့ အဖူးအငုံများဖြစ်ပါကြောင်း၊ အရည်အချင်းရှိတဲ့လူငယ်တွေဖြစ်လာဖို ပတ်ဝန်းကျင်ကောင်း၊ လေ့ကျင့်ပျိုးထောင်မှုကောင်းတွေလိုအပ်ပါကြောင်း၊ လူငယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပေါ့ပါးသွက်လက်ပြီး ဖြစ်ချင်တဲ့အရာကို ပုံဖော်နိုင်နဲ့အရွယ်ဖြစ်ပါကြောင်း၊ လူငယ်ဆိုတာ ရိုးသားမှု၊ ကြိုးစားမှုရှိရမယ်၊ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရမယ်၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေတဲ့ လူငယ်တွေဖြစ်ရမည်ဖြစ်ပါကြောင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်း က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ အစိုးရနည်းပညာ အထက်တန်းကျောင်း(ပင်းပက်)မှ ကျောင်းသား၊ ကျောင်းသူ ငါးဦးတို့က “လူငယ်နှင့်စာပေ၊ လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်တို့ဖြင့် ၎င်းတိုဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို၏ အတွေ့အကြုံများ၊ အတွေးခေါ်များကို ကျယ်ကျယ်ပြန့်ပြန့်မျှဝေဆွေးနွေးကြပြီး တက်ရောက်လာ သည့်ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှည် ဆွေးနွေးကြရာ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေအဆင့်ရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခင်အိအိသန်းက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး