ပင်လောင်း စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ခရစ်နှစ် ၂၀၂၄ ခုနှစ်တွင် ပထအကြိမ် စတင်ကျင်းပမည့် နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာဖြေဌာန နှင့် ပရိယတ္တိသာသနပါလ စာပြန်ပွဲတော်အတွက် အစည်းအဝေးကို စက်တင်ဘာ ( ၂၆)ရက် မွန်းလွဲ(၁)နာရီ အချိန်က ရင်းမှီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေးကို ဗုဒ္ဓဝန္ဒနာ နမောတဿ ဂါထာ သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ဖွင့်လှစ်ပြီး၊ သဘာပတိဆရာတော် ရင်းမှီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ၊ ဥက္ကဋ္ဌ ဆရာတော် တီကျစ်မြို့မပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဝိလာဘ၊ နောင်တရားပရိယတ္တိစာသင်တိုက် ဆရာတော်၊ ပြင်သာကျောင်းတိုက် ဆရာတော်၊ ပင်ခွန်ကျောင်းတိုက်ဆရာတော် တို့က ဩဝါဒ အမှာစကားချီးမြှင့်တော်မူကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က သာသနာရေးဆိုင်ရာများ၊ အကြံဉာဏ်ကောင်းများနှင့် မြို့နယ်လုံးဆိုင်ရာ သာသနာ့ ဥပထမ္ဘကအဖွဲ့ ၏ အမည်စာရင်းများ လျှောက်ထားဖတ်ကြားခဲ့ပြီး၊ ထီဗိကျောင်းတိုက် ဘဒ္ဒန္တသုပညာစာရက ပါဠိပထမပြန်စာမေးပွဲနှင့် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလ စာပြန်ပွဲတော် အတွက် လိုအပ်သည့် ကိစ္စရပ်များကို လည်းကောင်း၊ နောင်တရားပရိယတ္တိစာသင်တိုက် စာချကထိက ဘဒ္ဒန္တကုမာရက မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလ စာပွဲတော် ၏ ပြဋ္ဌာန်းကျမ်းစာများ ဖတ်ကြားလျှောက်ထားခြင်းကိုလည်းကောင်း၊ နန်းဟူးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တလာဘသာမိက မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဝန်ဆောင်သံဃာတော်များမှ ရန်ပုံငွေကိစ္စရပ်များ လျှောက်ထားခြင်းကို လည်းကောင်း အသီးသီးလျှောက်ထားကြသည်။
ယင်းနောက် သဘာပတိဆရာတော် ရင်းမှီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမ က နိဂုံးချုပ်ဩဝါဒမြွက်ကြားချီးမြှင့်တော်မူပြီး၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ဂါထာသုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး