နမ့်ခမ်း စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင်မှ သားအိမ်ခေါင်းကင်ဆာရောဂါ အသိပညာပေးဆွေးနွေးဟောပြော ရခြင်း၏ ရည်ရွယ်ချက်များနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါသည် ကမ္ဘာပေါ် တွင် စတုတ္ထမြောက်အဖြစ်အများဆုံး ရောဂါဖြစ်ပြီး အမျိုးသမီးများဦးရေ (၁)သိန်းဦးလျှင် (၁) ဦးနှုန်း ဖြစ်ပွား လျက်ရှိသည်။ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP)ထိုးနှံရန် အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ် အောက်အတွင်းရှိသူ (၁.၉.၂၀၁၁)ရက်နေ့မှ (၃၁.၈.၂၀၁၄)ရက်နေ့အတွင်းမွေးဖွားသည့် မိန်းကလေးငယ်များအား ဦးစားပေးထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကာကွယ်ဆေးထိုးနှံပြီး ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်ခြင်းမရှိဘဲရောဂါဖြစ်ပွားပြီးမှဆေးကုသလျှင် ရောဂါဖြစ်ပွားမှု၏ အဆင့် အလိုက်ပေါ်၌ရောဂါပျောက်ကင်းရန်ရာခိုင်နှုန်းနည်းပါးနိုင်ကြောင်း၊ ကာကွယ် ဆေးမထိုးနှံမီနှင့် ထိုးနှံပြီးအခြေအနေတွင် သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များ အကြောင်းစသည့် ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးအကြောင်းအရာများကို ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့သည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးရာတွင် နမ့်ခမ်းမြို့နယ် ကျန်းမာရေးဌာနမှ ဒေါက်တာစိုင်းလှတင်နှင့် တာဝန်ရှိသူများက အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂) နှစ် ထက်မကျော်သော ကျောင်းသူများအား မွေးစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း ၊စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးပြီးနောက် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး(HPV)အား စနစ်တကျထိုးနှံပေးကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး