နမ့်ခမ်း စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့ဝင်/မိသားစုများ စုပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက နမ့်ခမ်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ရဲမှူး အောင်ဇင်ဦး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်/မိသားစုများစုစုပေါင်း(၃၀)ဦးတို့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ပေါင်းမြက်များ/ခြုံနွယ်များအားခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်များလှဲခြင်းနှင့် ရှင်းလင်းပြီးအမှိုက်များကိုစနစ်တကျစွန့်ပစ်ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး