သိန္နီ စက်တင်ဘာ၂၄
(၂၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ရာ စက်တင်ဘာလ(၂၄)ရက်၊ နံနက်(၇) အချိန် လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၅)ကျောင်းမှရဟန်း(၁၆၂) ပါး၊ သာမဏေ(၆၆၅)ပါး၊ သီလရှင် (၁၂၀)ပါး၊ စုစုပေါင်း(၉၄၇)ပါးတို့အား အမှတ်(၁၆)ခြေလျင်တပ်မဟာ၊ စစ်ဦးစီးမှူး ပထမတန်း(ဦး/ရေး/ထောက်)ဒုတိယဗိုလ်မှူးကြီးဝင်းကိုနှင့် တပ်မဟာ(၁၆) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် ဝန်ထမ်းမိသားစုဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နိုင်တင်အေးနှင့် မြို့နယ်ရဲတပ်ဖွဲ့မိသားစုဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ မြို့ပေါ်(၄)ရပ်ကွက်နှင့် ရပ်နီးရပ်ဝေးမှ ဒေသခံပြည်သူစေတနာရှင်၊ အလှူရှင်များ စုစုပေါင်းအင်အား (၂၅၀၀)ဦးခန့်မှ ဆွမ်းဆန်(၇၀၈)အိတ်၊ တန်ဖိုး(၈,၅၀၀,၀၀ဝိ/-)၊ အခြားလှူဖွယ်ဝတ္ထုစ္စည်းတန်ဖိုး (၃၉,၇၁၅,၀၀ဝိ/-)၊ လောင်းလှူငွေကျပ်(၈၀,၇၁၈,၀၀ဝိ/-)၊နေ့ဆွမ်းဆက်ကပ်လှူဒါန်းရန်အတွက် အလှူငွေကျပ်(၅,၁၀၀,၀၀ဝိ/-)၊ စုစုပေါင်းတန်ဖိုး(၁၃၄,၀၃၃,၀၀ဝိ/-)အား သဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြပြီး ကြွရောက်လာသည့် ပင့်သံဃာတော်၊ ရဟန်း၊ သာမဏေ၊ သီလရှင် တို့အား ရွှေဘုန်းပွင့်ဓမ္မာရုံတော်တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး