မန်တုံ စက်တင်ဘာလ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မန်တုံမြို့ မြို့မရပ်ကွက်တွင် စက်တင်ဘာလ (၂၃)ရက် နံနက် (၈)နာရီက (၅၉)ကြိမ်မြောက် မြန်မာနိုင်ငရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ မန်တုံမြို့နယ်ရဲမှူး၊ ရဲမှူးမြင့်အောင်၊ မန်တုံမြို့မစခန်းမှူး ဒုတိယရဲမှူးမြင့်လွင် ဦးစီးသော (၁၂)ဦး၊ မန်တုံမြို့နယ် မီးသတ်ဦးစီးမှူး (၁၀)ဦးတို့သည် မန်တုံပြည်သူ့စစ်(ဌာ‌နေ)မှ ဒုတိယခေါင်းဆောင်ဦးအိုက်ရုံ ဦးစီး(၅)ဦး၊ စုစုပေါင်း(၂၇)ဦး တို့သည် မန်တုံမြို့အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းဆောင်ရွက်၍ လည်းကောင်း၊ မန်တုံမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး