လားရှိုး စက်တင်ဘာ၂၃
ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမျိုးကျော်သည် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ ရဲမှူးကြီးနှင့်အတူ စက်တင်ဘာလ(၂၃)ရက် နံနက်(၁၀)နာရီအချိန်တွင် စက်တင်ဘာလ(၂၂)ရက်နေ့၊ (၁၀)နာရီခွဲအချိန်ခန့်က လားရှိုးမြို့၊ အာရုံတော်ရပ်ကွက်၊ နယ်မြေ (၅)၊ မန္တလေး မီးပွိုင့်အနီး၊ မဟာဗောဒါရုံကျောင်းထောင့်၌ X-trail ကားအမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ရောက်ရှိလာသော အမျိုးသား (၁)ဦးက လက်နက်အမျိုးအစား (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိပြီး အမှတ် (၉)၊ တပ်မတော်ဆေးရုံ ကုတင်(၁၀၀)တွင် ဆေးကုသမှုခံယူနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်သား (၁)ဦး၊ အရံမီးသတ် (အရပ်သား)(၁)ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ဂုဏ်ပြုချီးမြှင့်ငွေများ သွားရောက်ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး