ပင်းတယ                                                              ဇွန်-၃

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများကို ဇွန်လ(၁)ရက်နေ့တွင် ဖွင့်လှစ်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ၊ ကျုံးအခြေခံပညာ အထက်တန်းကျောင်းသို့ ဇွန်(၂)ရက် နံနက်(၉)နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် စိုက်ပျိုးရေးဘာသာရပ် ၊ မွေးမြူရေးဘာသာရပ်၊ စက်မှုဘာသာရပ် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအား ကြည့်ရှုအားပေးစကား ပြောကြားပြီး ကျောင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ဆရာ၊ဆရာမများမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာခန်းမ၊ အလယ်တန်း၊ မူလတန်းအဆင့်ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့ ၊ မြင်းကျဒိုး အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအား ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ကျောင်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့