ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးမြို့တွင်း စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

Dec 3, 2021

တောင်ကြီး ဒီဇင်ဘာ – ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာ(၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ အတွင်း စည်ပင်သာယာရေးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

တောင်ကြီးမြို့တွင်း ရေထွက်ဦးလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်စည်ပင်သာယာရေး ဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းမှ လမ်းနယ်ချဲ့ခြင်း၊ ကတ္တရာခင်းခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း(၈၀%) ပြီးစီးမှု၊ ရေမြောင်းနှင့် ရေမြောင်းဖုံးဆောင်ရွက်ခြင်း(၁၀၀%) ပြီးစီးမှု၊ လမ်းဖြတ်တံတားဆောင်ရွက်ခြင်း(၁၀၀%) ပြီးစီးမှု၊ မြေကာနံရံဆောင်ရွက်ခြင်း(၁၀၀%)ပြီးစီးမှု၊ ရေထွက်ဦးလမ်း၊ လမ်းနယ်နှင့် မလွတ်ကင်းသော ဓါတ်အားလိုင်းများ ရွေ့ပြောင်းခြင်း(၁၀၀%)ပြီးစီးမှုတို့ကို ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိုင်လွန်ကတ္တရာခင်းနေမှုကို ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့အတွင်း ရေပေးဝေနေသည့် ရေထွက်ဦးကန်အား သွားရောက်ကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးနေလင်မှ ရေထွက်ဦးရေကန် ရေသိုလောင်မှုနှင့်ပတ်သက်၍ ရှင်းလင်းသည်။

အဆိုပါ ရေထွက်ဦးရေကန်သည် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက် ရေထွက်ဦးလမ်းတွင် တည်ရှိပြီး ရေသိုလှောင်နိုင်မှု ပမာဏဂါလံ (၅)သန်း၊ ရေထွက်နှုန်း (၂၅၀၀)ဂါလံ၊ တစ်နေ့ရေပေးဝေမှုနှုန်း ရေဂါလံ (၃)သောင်း၊ အကျိုးပြုရပ်ကွက်များမှာ တောင်ကြီးမြို့ပေါ်ရှိ ရေအေးကွင်းရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊ ကန်အောက်ရပ်ကွပ်၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်နှင့် အများဆုံး ရေတိုင်(၁)တိုင်၊ အကျိုးပြုလူဦးရေ (၁၄၀၀)ဦး၊ ရေဖြန့်ဝေပေးစနစ် မှာ Gravity Flow Systemဖြင့် အိမ်သုံးရေတိုင် (၃၀၂)တိုင်၊ နဂါးပွက်ကျောင်းလမ်းတွင် အများသုံး ရေတိုင် (၁)တိုင်နှင့် နဂါးပွက်ကျောင်းဝန်းအတွင်း အများသုံးရေကန်(၁)ကန်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ အရှေ့ မြောက်ဘက်၊ ပန်းတင်ကျေးရွာအုပ်စု၊ ထီသိမ်ရွာရှိ၊ ထီသိမ်ရေလှောင်ကန်အား သွားရောက်ကြည့်ရှုရာ မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးနေလင်းမှ ရေကန်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းကြောင်းနှင့် ထီသိမ်ရေကန်သည်ရေဝပ်ဧရိယာ(၃၀)ဧက၊ ကန်ရေပြည့်အမှတ်(၃၂)ပေ၊ ရေလှောင်နိုင်သည့် ပမဏဂါလံ(၁၄၅)၊ တစ်နေ့ရေပေးဝေမှုရေဂါလံ (၅)သိန်း၊ အကျိုးပြုရပ်ကွက်မှာ သစ်တောရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ မင်္ဂလာဦး ရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ဘုရားဖြူရပ်ကွက်၊ အရှေ့ပိုင်းစစ်ဌာနချုပ် အမြောက်တပ်၊ စဝ်စံထွန်းဆေးရုံ၊ ဌာနဆိုင်ရာရုံးများ၊ ကလေးဆေးရုံ၊ ဂနိုင်ကန်၊ မြို့မစျေးတို့ဖြစ်ပြီး အကျိုးပြု လူဦးရေ (၁၃၂၅၀)ဦး နှင့် ရေဖြန့်ဝေစနစ််မှာGravity Flow System စနစ်ဖြင့် အိမ်သွယ်ရေတိုင် (၃၈၅)တိုင် အများသုံး ရေကန်(၆)ကန်၊ အများသုံးရေတိုင် (၂)တိုင်ဖြင့် ဖြန့်ဝေပေးလျှက်ရှိပြီး ရေစုဆောင်းကာလမှာ ဇူလိုင်လ၊ အောက်တိုဘာလအထိနှင့် ရေပေးဝေသည့်ကာလမှာ နိုဝင်ဘာမှဇွန်လအထိ ဖြစ်သည်။
ထို့နောက် ထီသိမ်ရေကူရေလှောင်တမံနှင့် ထီသိမ်(ကျောက်တန်း)ရေထွက် ရေစုကန်အား ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုရာ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးနေလင်းမှ ရှင်းလင်းရာ ထီသိမ်(ကျောက်တန်း)ရေထွက်သည် ကျောက်တန်းရွာတွင်တည်ရှိပြီး ရေသိုလှောင်မှု (၁၀၀၀၀၀)ဂါလံရေပေးဝေနိုင်မှု၊ မိုးရာတွင်(၅၀၀၀၀၀)ဂါလံ၊ တစ်ရက် နွေရာသီနှင့် ဆောင်းရာသီတွင်(၃၀၀၀၀၀)ဂါလံ၊ အိမ်သွယ်ရေတိုင် (၃၁၇)တိုင်၊ အကျိုးပြုရပ်ကွက်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ စဝ်စံထွန်းရပ်ကွက်၊ မင်္ဂလာဦး ရပ်ကွက်၊ ရတနာသီရိရပ်ကွက်၊ ညောင်ဖြူစခန်းရပ်ကွက်၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။

၎င်းနောက် တောင်ကြီးမြို့ဘုရားဖြူ ရပ်ကွကိရှိဘဲဥကန်သို့ သွားရောက်ကြည့်ရှုကြကြောင်းနှင့် ဘဲဥကန်သည် ရေသိုလှောင်နိုင်မှုပမာဏ ဂါလံ(၁)သိန်း မိုးတွင်းကာလပါမိုးနဲရေထွက်နှုန်းများသည့်ကာလတွင် ရေစုဆောင်းထားပြီး ပါမိုးနဲရေထွက်ရေထွက်နှုန်း နည်းသည့်ကာလတွင် ရေကူပေးပါကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482