၂၀၂၁ ခုနှစ် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ

Dec 4, 2021

တောင်ကြီး ဒီဇင်ဘာ – ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင်၂၀၂၁ခုနှစ် ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲနှင့် အားကစား ပြိုင်ပွဲကို ဒီဇင်ဘာ(၄)ရက် နံနက်(၆)နာရီက ပြည်နယ်အားကစားကွင်းဝင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပသည်။
ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာကျော်ထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ပြည်နယ်အားကစားကွင်းပြေးလမ်းတွင် လေးပတ်လမ်းလျှောက်ကြပြီး စုပေါင်း ကိုယ်ကာယသွေးပူ လေ့ကျင့်ခန်း အတွဲ(၁-၂)တို့ကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အတွင်းရေးမှူး၊ ပြည်နယ် အဆင့်ဌာနဆိုင်များက သံလုံးပစ်အားကစား ပြိုင်ပွဲကစားကြပြီး အေးသာယာအား ကာသိပ္ပံကျောင်းမှ အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀)ပြေးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်တို့က သေနတ်ပစ်ဖောက်တာ လွှတ်ပေးပြီး မီတာ(၁၀၀)လက်ဆင့်ကမ်းအမျိုးသားပြိုင်ပွဲ ကိုကြည့်ရှုအား ပေးကြသည်။
ထိုနောက် ဆုချီးမြှင့်ပွဲကျင်းပရာ မီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော အမျိုးသားအားကစားသမားများကို ပြည်နယ်ဥပဒေချုပ်မှ ဆုချီးမြင့်ပေး၍လည်းကောင်း၊ မီတာ(၂၀၀)အပြေးပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အမျိုးသမီး၊ အမျိုးသားများကို တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ် လူမှုရေးရာဝန်ကြီးတို့မှ ဆုချီးမြင့်ပေး၍လည်းကောင်း၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော အမျိုးသမီး၊ အမျိုးသားများကို ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ ဆုချီးမြင့်ပေး၍လည်းကောင်း၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ သံလုံးပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ရှိသူများအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဆုချီးမြင့်ပေး၍လည်းကောင်း၊ ပြည်နယ်အဆင့်အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာခင်ခင်ထူးမှ ဆုချီးမြင့်ပေး၍လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ သံလုံးပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ဝန်ကြီးများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ဆုချီးမြင့်ပေးပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူး၍ အေးသာယာအားကာသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လှည့်လည် နှုတ်ဆက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482