
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

တောင်ကြီး ဒီဇင်ဘာ – ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ(၇)ရက်၊ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့ နာယကကြီး ဒေါက်တာခင်ခင်ထူးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ကိုဗစ်-၁၉ ရောဂါကြောင့် ယခင်နှစ်များက Online အခမ်းအနားဖြင့် သာပြုလုပ်ခဲ့ရပြီးယခုလိုအမျိုးသမီး ကော်မတီ အဖွဲ့ဝင်များ အားလုံးနှင့် In Peron နှင့်ပထမဆုံးတွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တောင်ကြီးခရိုင်၊ မြို့နယ်များရှိ အမျိုးသမီးရေးရာအဖွဲ့ဝင်များ အနေဖြင့် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ပေးကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အနေဖြင့် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန် (၁၂)ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသလို အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(National Strategic Plan for the Advancement of Women- NSPAW) (၂၀၁၃-၂၀၂၂)ကို ကျား၊ မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မဟာဗျူဟာ စီမံကိန်းကိုအရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(၄)ဖွဲ့ကို ဖွဲ့စည်းထား ရှိပြီးသက်ဆိုင်ရာလုပ်ငန်းအဖွဲ့အလိုက်လုပ်ငန်းအစီအစဥ်(Work Plan) များကိုလည်းနှစ်အလိုက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူ ဟာစီမံကိန်းသည်၂၀၂၂ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့်ဖြစ်သည့်အတွက် NSPAW Phase ll ကိုရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အနေဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်း၊ မြန်မာအမျိုး သမီးများဘဝမြှင့်တင်ရေးနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံမှု ရှိစေရေး၊ ကျား၊ မ တန်းတူညီမျှရေးတို့တွင် ယခု ထက်ပိုမိုပါဝင်၍ ပူးပေါင်းလုပ်ဆောင်သွားကြမည့် အဖွဲ့အစည်း များကိုလည်း ကြိုဆိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အဖြစ် ကုလသမဂ္ဂ အနေဖြင့် နှစ်စဥ်ဆောင်ပုဒ်များ ချမှတ်ပေးလျက်ရှိရာ ယခုနှစ်တွင် ဆောင်ပုဒ်မှာ “Orange the World : End violence against Women now” ၊ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့” ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် ယခုထက်ပိုမို၍ အမျိုးသမီးများ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် မြှင့်တင်ဖော်ဆောင်သွားကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန် ထမ်းရုံးညွှန်ကြားရေးမှူး ဦးထွန်းဦး မှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းပြီး တက်ရောက်လာကြသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့