ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ Agricultural Product Processing Center သွားရောက်ကြည့်ရှုစစ်ဆေး

Dec 14, 2021

ဟဲဟိုး ဒီဇင်ဘာ – ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဒီဇင်ဘာ(၁၂)ရက် မွန်းလွဲပိုင်းက ကလောမြို့နယ် ဟဲဟိုးအင်းခေါင်းကျေးရွာရှိ Agricultural Product Processing Center အား သွားရောက် ကြည့်ရှုစစ်ဆေးရာ ပရောဂျက် အင်ဂျင်နီယာတစ်ဦးမှ ရှင်းလင်းရာ အဆောက်အဦပြီးစီးမှုမှာ (၇၅%)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်းနှင့် အဆောက်အဦးကို ၂၀၂၂ ခုနှစ် မေလ (၁၅)ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ အဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟဲဟိုးအင်းခေါင်း မျိုးပွားဥယျာဥ်ခြံအား သွားရောက် ကြည့်ရှုရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် ဟဲဟိုးမျိုးပွားဥယျာဥ်ခြံ ဦးစီးအရာရှိ ဦးညီညီအောင်တို့မှ ဟင်းသီးဟင်းရွက် မျိုးပွားဆောင်ရွက်ထားရှိမှုနှင့် ရာသီဥတုအခြေအနေများကို ရှင်းလင်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးစုံညီပွဲတော် ကျင်းပခဲ့သည့်နေရာ၊ အာလူးမျိုးပွား စိုက်ပျိုး ထားသည့် ဥယျာဥ်ခြံ၊ အင်းခေါင်းဟဲဟိုးဆည်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482