
ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဥ်(၆/၂၀၂၁) ကျင်းပ

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဥ်(၆/၂၀၂၁)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဥ်( ၆/၂၀၂၁ )ကို ဒီဇင်ဘာ(၁၃)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ပြဌာန်း ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသော အမှုတွဲများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဥပဒေနှင့်အညီ စီမံခန့်ခွဲသောမြေနှင့် လွတ်ကင်းသော ဧရိယာများကိုသာ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစွာ ပေါကြွယ်ဝ သည့်အတွက် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များကို ခွင့်ပြုပေးနေသည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီမည့် ကော်ဖီ၊ လက်ဖက်၊ လိမ္မော်၊ မက္ကဒေးမီးယား စသည့် နှစ်ရှည်ပင်များနှင့် ဆီထွက်သီးနှံများကိုလည်း ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှလည်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အမှန်တစ်ကယ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် မြေခွန်များကိုလည်း ပြည့်ပြည့်ဝဝ ပေးသွင်းကြရန် ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဥ် (၅/၂၀၂၁) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဥ် (၅/၂၀၂၁) ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၆/၂၀၂၁) တင်ပြချက်များနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဥ် (၆/၂၀၂၁) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့