
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူများ၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ (၁၅)ရက် မွန်းလွဲ(၂)နာရီက လားရှိုးမြို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ လေးပုံတစ်ပုံ ကျယ်ဝန်း သော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ဧရိယာစတုရန်းမိုင်ပေါင်း(၆)သောင်းကျော်ရှိသည့် ပြည်နယ် ဖြစ်သောကြောင့် နယ်စပ်ထိတွေ့မှုတွင် ရှမ်းအရှေ့၌ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် ထိတွေ့မှု အများဆုံးဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးများတွင်လည်း ထိစပ်မှု အများဆုံးရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ရောဂါ ကျရောက်မှုကြောင့် နယ်စပ်ဂိတ်များ အကုန်ပိတ်ထားရမှုကြောင့် စီးပွားရေးများ အထိုက် အလျောက်ကျဆင်းမှုရှိခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်အရ စီးပွားရေးသည် ကိုဗစ်ကာလတွင် ကျရသည်မဟုတ်ပါကြောင်း၊ ၂၀၁၇ – ၂၀၁၈ခုနှစ်က စတင်ကျဆင်းမှုရှိသည်ကို မှတ်တမ်းများ ရှိပါကြောင်း၊ ကိုဗစ် တတိယလှိုင်းအပြီးတွင် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် နယ်စပ်ကုန်သွယ်ရေးကို ထိုင်းနိုင်ငံဘက်တွင် တာချီလိတ်နှင့် လာအိုနိုင်ငံဘက်တွင် ဝမ်ပုံဒေသကို ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း၊ မူဆယ်ဂိတ်ကို မိမိတို့အဖွဲ့မှ ကြိုးစားမှုမှာ အကြိမ်ကြိမ်ရှိခဲ့ပါကြောင်း၊ နယ်မြေစိုးမိုးမှု အနေအထားလိုနေမှုရှိသောကြောင့် ကွင်းဆင်းလို့မရသောကြောင့် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် နယ်စပ် ကုန်သွယ်ရေးအဖွဲ့ကို ဖိတ်ကြား၍ လာရောက်ကာ ဆွေးနွေးပေးကြရန် မူဆယ်ခရိုင် အားလုံးက လက်ရှိရင်ဆိုင် နေရသည့် အခက်အခဲများ၊ နယ်စပ်ကုန်သွယ်မှု လက်ရှိအနေအထားများ၊ မြန်မာနိုင်ငံဘက်မှ ရှေ့ဆက်ဆောင်ရွက် ရမည်ကို ချပြဆွေးနွေးရန်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဌာနဆိုင်ရာ အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ဆွေးနွေးတင်ပြပြီး မူဆယ်(၁၀၅)မိုင် နယ်စပ် ကုန်သွယ်ရေးစခန်း ညွှန်ကြားရေးမှူး ဦးစိန်ဝင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖေကြိုင်တို့က ဆွေးနွေး တင်ပြပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးတင်လတ်က ဆွေးနွေး၍ တက်ရောက်လာသည့် ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများမှ ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြမှု အပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ မယ်ဟန်ရတနာ ဂုဏ်ရည်ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်း၊ ဆွမ်းဆန်တော်နှင့် နဝကမအလှူ ငွေကျပ်(၅)သိန်း ဆက်ကပ်လှူဒါန်းပြီး စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ရတနာ့ဂုဏ်ရည် ကျောင်းတိုက် ကိုယ့်အားကိုယ်ကိုးမြေမှ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှု၍ သာသနာ ၂၅၀၀ ကျောင်းဆရာ တော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်း၊ နဝကမ အလှူငွေကျပ်(၅)သိန်း ဆက်ကပ်လှူဒါန်းပေးကြ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့