
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များသို့ နိုင်ငံသားစိစစ်ရေးကတ်(၄၀၉၁)ကတ် ပြည်သူများအားပေးအပ်

လားရှိုး ဒီဇင်ဘာ – ၁၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများတို့သည် ဒီဇင်ဘာ(၁၆)ရက် နံနက်(၈)နာရီက လားရှိုးမြို့၊ ဂျမိုင်ရွာဟောင်းရေထွက်အား သွားရောက် ကြည့်ရှုရာ လားရှိုးမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ရပ်ကွက်ရှိကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ကိုးကန့်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊`ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ တာဝန်ရှိသူများနှင့် ပြည်နယ်အုပ်ချုပ် ရေးမှူး၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးတို့မှ အသီးသီးပေးအပ်ကြသည်။
အဆိုပါ လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များကို နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲတွင် လားရှိုးမြို့ (၁၂၁၅)ကတ်၊ သိန်းနီမြို့(၅၆၉)ကတ်၊ တန့်ယန်း မြို့(၁၇၇၂)ကတ်၊ မိုင်းရယ်မြို့ (၂၈၆)ကတ်၊ ကွမ်းလုံမြို့(၂၄၉)ကတ်ပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့