
ရပ်ကွက်(၁)ရှိ တက္ကသိုလ်ရိပ်သာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
လားရှိုး ဒီဇင်ဘာ – ၂၀

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ တာဝန်ရှိသူတို့သည် ဒီဇင်ဘာ(၁၆)ရက် မွန်းလွဲ(၁)နာရီက လားရှိုးမြို့ ဇမ္ဗူအေးအေတီတပ်ဦးပရိယတ္တိ စာသင်ကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းများ၊ နဝကမအလှူငွေကျပ်(၅)သိန်းတို့ကို ဆက်ကပ်လှူဒါန်းပြီး လားရှိုးမြို့ ရပ်ကွက်(၁)ရှိ တက္ကသိုလ်ရိပ်သာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုရာ လားရှိုးမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပါရမီတောရဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်အား ဖူးမျှော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့