
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းဆရာတော်အား သွားရောက်ဖူးမျှော်
လားရှိုး ဒီဇင်ဘာ – ၂၀

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁၇)ရက် မွန်းလွဲ(၁)နာရီက လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒအား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းများ၊ သင်္ကန်းနှင့် သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် သိန်း(၅၀)တို့ကို ဆက်ကပ်လှူဒါန်းပေးကြပြီး ကျောင်းဆောင်ဆောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့