အဘိဓဇမဟာရဋ္ဌဂုရုသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်ဖူးမျှော်

Dec 20, 2021

ညောင်ရွှေ ဒီဇင်ဘာ – ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁၉)ရက် နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့ ကန်ကြီး ပရိယတ္တိစာသင်တိုက်၌ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရအား သွားရောက် ဖူးမျှော်ကြပြီး လှူဖွယ်ပစ္စည်း၊ သင်္ကန်းနှင့် သီတဂူသာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း(၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တာဝန်ရှိကပ္ပိယတစ်ဦးမှ လက်ခံရယူကာ ဆရာတော် ကြီးမှ သြဝါဒစကားနှင့် တရားရေအေး ဟောကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482