ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း အဆင့်မြှင့်တင်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

Dec 29, 2021

တောင်ကြီး ဒီဇင်ဘာ – ၂၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဒီဇင်ဘာ(၂၈)ရက် ညနေ(၃)နာရီခွဲက စည်ပင်သာယာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းအား ကတ္တရာကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင် ရွက်နေသော ကျားခေါင်းလမ်း၊ တြိဂံကျွန်းမှ ဗိုလ်ချုပ်လမ်း စူဠာမုနိဘုရားအနီး BOC အထိ လမ်းနယ်တိုးချဲ့ခြင်းလုပ်ငန်း၊ ကတ္တရာ(၄၈)ပေ အကျယ်ခင်းခြင်းလုပ်ငန်း၊ ရေမြောင်းနှင့် ရေမြောင်းဖုံး ပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ကတ္တရာခင်းနေမှုနှင့် ခင်းပြီးသား လမ်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482