ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

Dec 30, 2021

တောင်ကြီး ဒီဇင်ဘာ – ၃၀

၂၀၂၁ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၂၉)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များက အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အသင်းနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် မြေစာရင်းအင်းဦးစီးဌာနတို့ ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြရာ ပြည်နယ်ရဲတပ်ဖွဲ့က (၄)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲဝင်ဌာနအသင်းများအား ငွေသားကျပ်(၁)သိန်းစီတို့ကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအသင်း တို့အား တစ်ဦးချင်း ဆုတံဆိပ်တစ်သင်းလျှင် ငွေသားကျပ်(၂)သိန်းစီတို့ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆု ရရှိသော ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းအင်းဦးစီးဌာနအသင်းအား ဆုတံဆိပ်နှင့် ငွေသား ကျပ်(၃)သိန်းတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသူကို ငွေသားကျပ်(၅)သောင်းအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် ပွဲစဥ် တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို ငွေသားကျပ်(၅)သောင်းစီတို့ကို ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးအောင်မြင့်တို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အား တစ်ဦးချင်း ဆုတံဆိပ်များကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ဆုချီးမြှင့်ပေးပြီး ငွေသား ကျပ်(၅)သိန်းနှင့် ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုချီးမြှင့်ပေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482