
ရှမ်းပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝးကို ဒီဇင်ဘာ (၃၀) နံနက် (၁၀)နာရီက တောင်ကြီးမြို့ ၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက် အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလတွင် တာဝန်ယူ ဆောင်ရွက်ရသော အစိုးရဖြစ်သည့်အတွက် ထိုကာလအတွင်း ဖြစ်ပေါ်ခဲ့သော မှုခင်းများကို ပြီးပြတ်အောင် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားရုံးများတွင် စစ်ဆေးဆဲဖြစ်သည့်ပြစ်မှုဆိုင်ရာမှုခင်းများကို တရားမျှတမှုရှိစွာဖြင့် မှန်မှန်နှင့် မြန်မြန်ဆောင်ရွက်နိုင်ရေး၊ ဌာနဆိုင်ရာအချင်းချင်း မိမိတို့၏ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်နိုင်ရေးနှင့် မိမိတို့ကဏ္ဍ အလိုက် ဆောင်ရွက်ရာတွင် အခက်အခဲ သို့မဟုတ် အားနည်းချက် တစ်စုံတစ်ရာ ရှိပါက ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှုခင်းများ၊ မှန်ကန်မြန်ဆန်စွာ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာမှုခင်းများ တရားစီရင်ရေးအထောက်အကူပြုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂၀၂၁ဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ရှမ်း ပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အနေဖြင့် တရားရုံးများ ရုံးချိန်း အတွင်း အပြည့်အဝ ရုံးထိုင်နိုင်ရေး၊ တရားစွဲတင်ရာတွင် သက်သေခံအထောက်အထားများ၊ သက်သေခံပစ္စည်းများ ပြည့်စုံစွာ တင်ပြစေရေး၊ သက်သေများ၊ ရုံးချိန်းရက်တွင် မပျက်မကွက်လာရောက် သက်သေခံနိုင်ရေး၊ ထုတ်ဆင့်ထားသည့် ဝရမ်းများကို စနစ်တကျ အတည်ပြုပြီး သတ်မှတ်ရက်တွင် တရားရုံးသို့ တင်ပို့နိုင်ရေးနှင့် အချုပ်တရားခံများ အချိန်မီ ရုံးရှေ့တင်ပို့နိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်းကြီးကြပ် ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက် သည့်သဘောသက်ရောက်သော ဆောင်ရွက်မှုမျိုးများ မရှိစေရေး သတိပြုဆောင်ရွက်ပြီး တရားရုံး၏ စစ်ဆေးစီရင်ခြင်းကို မထိခိုက် စေဘဲ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်လာပါက ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အချင်းချင်း မိမိတို့ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းပြီး မှန်ကန်၊ မြန်ဆန်အောင် ဆောင်ရွက်ပေးသွားရမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ တရားရုံးများတွင် စစ်ဆေးဆဲဖြစ်သည့် ပြစ်မှုဆိုင်ရာမှုခင်းများကို တရားမျှတမှုရှိစွာဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတ်မှတ်ထားသည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အပြီး မှန်မှန်နှင့် မြန်မြန်အမှု လက်ကျန်မရှိ ပြီးပြတ်နိုင်ရေးအတွက် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင်များ အားလုံး အလေးထား လိုက်နာကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ပြောကြား သွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်ရုံးပြည်နယ်တရားသူကြီးချုပ်ဦးကြွယ်ကြွယ်မှဆွေးနွေးတင်ပြပြီး အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင်က ရှမ်းပြည်နယ်တရားစီရင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကြန့်ကြာမှု မရှိစေရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့မှ ဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးနေလင်း က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ဝင်များမှ ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြကြကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့