ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ စားသောက်ဖွယ်ရာပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

Jan 3, 2022

တောင်ကြီး ဇန်နဝါရီလ – ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ အစားအသောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် အသုံးပြုနိုင်ရန် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဇန်နဝါရီလ (၃) ရက်၊ နံနက်(၁၀) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တတ်နိုင် သလောက် မိတ်ဖက်ညီအစ်ကိုသဖွယ်ကူညီစောင့်ရှောက်ပေးသည့် PNOအသွင်ပြောင်းပြည်သူ့စစ်ကို ထောက်ပံ့ရခြင်း ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ အေးချမ်းတည်ငြိမ်မှုတွင်လည်း PNO ပြည်သူ့စစ်မှ စောင့်ရှောက်မှုများလည်း ပါဝင် ပါကြောင်း၊ လုံခြုံရေးလုပ်ငန်းများတွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး၏ ကွပ်ကဲမှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးသည့် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင် က PNO အသွင်ပြောင်းပြည်သူ့ စစ်(ဌာနေ)အဖွဲ့ အထူးဒေသသည် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးဒေသဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိရန်နှင့် ဒေသတည်ငြိမ် အေးချမ်းမှု ရှိရန်အတွက် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့နှင့်တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်သလို တစ်ဖက်တွင်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရှမ်းပြည်နယ်အစိုးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့များသို့ အစားအသောက် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း က ပေးအပ်ရာ PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှတာဝန်ရှိသူများကလက်ခံရယူ၍လည်းကောင်း၊အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင် က ငါးခြောက်များကို လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများ သည့် mask အခုရေ(၃)ထောင်နှင့် လက်သန့်ဆေးရည်ဘူး(၁၀)လီတာ (၅၀)ဘူး တို့ကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး က ပေးအပ်ရာ PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) အဖွဲ့တာဝန်ရှိသူများမှ လက်ခံရယူပြီး PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဦးခွန်မြင့်အောင် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNOအသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ ဆန်၊ ဆီ၊ ငါးခြောက်၊ စုစုပေါင်း တန်ဖိုး(၆,၇၅၀,၀၀၀)ကျပ်(ခြောက်ဆယ့်ခုနှစ်သိန်းငါးသောင်းကျပ်)နှင့်maskအခုရေ(၃)ထောင်နှင့် လက်သန့်ဆေးရည် ဘူး(၁၀)လီတာ (၅၀)ဘူးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

 

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482