
ရှမ်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဇန်နဝါရီ – ၃
ရှမ်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၃)ရက်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က ယနေ့အစည်းအဝေးခေါ်ယူရခြင်းက ကိုဗစ်-၁၉ရောဂါဖြစ်ပွားလျက်ရှိသည့်ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရောဂါကူးစက်ပြန်ုပွားမှုမရှိစေရေး ကာကွယ်ထိန်းချုပ်ရေးနှင့်ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူအားလုံး ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူလျာထားဦးရေပြည်သူ (၃၂၀၉၈၄၄)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၄၆၀၂၆)ဦး၊ စုစုပေါင်း (၃၃၅၅၈၇၀)ဦးအား ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခဲ့ရာ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့အထိ တစ်ကြိမ်ထိုးနှံပြီးသူ (၂၀၁၀၅၅၇)ဦး၊ နှစ်ကြိမ်မြောက်ထိုးနှံပြီးသူ(၁၄၉၁၀၁၀)ဦး ထိုးနှံပြီးစီးခဲ့ပြီး တစ်ကြိမ်ထိုးနှံပြီးစီးမှုအပေါ်တွင် ရာခိုင်နှုန်းအားဖြင့် (၅၉.၉၁)ရာခိုင်နှုန်း လွှမ်းခြုံထိုးနှံနိုင်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင် က ကိုဗစ်-၁၉ရောဂါစတုတ္ထလှိုင်းဝင် ရောက်လာပါက ကြိုတင်ပြင်ဆင်ခြင်းကို အချိန်မီကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ရှမ်းပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး မှကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ အစည်းအဝေး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က လိုအပ်သည်များကို ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့