ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားပွဲသို့ တက်ရောက်

Jan 5, 2022

တောင်ကြီး ဇန်နဝါရီ – ၄

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက်(၄)နာရီ မိနစ်(၂၀)က တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်အပြည့် လွှင့်ထူပေး ပြီးနောက် တာဝန်ရှိသူများမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နယ်မြေခံ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ်ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို နံနက်(၇)နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပရာ ပထမဦးစွာ စစ်ရေးပြတပ်ခွဲက စစ်ကြောင်းများဖြင့် ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းအား အလေးပြု၍ ပြည်နယ်ဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး ကျဆုံး လေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကိုဖတ်ကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုစစ်တီးဝိုင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင် ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်နယ်အားကစား လေ့ကျင့်ရုံ ကွင်းနှင့် ပြည်နယ်အားကစားကွင်းများတွင် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသား အမျိုးသမီး လွန်ကြိုးဆွဲပြိုင်ပွဲ၊ ခြေသုံးချောင်း ထောက်ပြိုင်ပွဲ၊ အမျိုးသမီး ပူစီပေါင်းပုတ်ပြိုင်ပွဲ၊ အမျိုးသား ပူစီပေါင်းညှပ်ပြေးပြိုင်ပွဲ၊ ဌာနဆိုင်ရာ ဘောလုံးဂိုးကျင်းသွင်းပြိုင်ပွဲ၊ ဂေါက်သီးကျင်းစိမ်ရိုက်ပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး မီတာ(၁၀၀)နှင့် မီတာ(၂၀၀)ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက ဘောလုံးဂိုးကျင်းသွင်းနှင့် ဂေါက်သီးကျင်းစိမ်ရိုက်ပြိုင်ပွဲကို ပါဝင်ဆင်နွှဲကြ၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးအောင်မြင့်မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းအား ဂုဏ်ပြုဆုချီးမြှင့်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဘောလုံးဂိုးကျင်းသွင်း၌ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် အမျိုးသမီးဆု ရရှိသူများအား ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ပြည်နယ်အဆင့် အမျိုးသား၊ အမျိုးသမီး ဂေါက်သီးကျင်းစိမ်ရိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ များအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား မီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများအား တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး မီတာ(၄၀၀) အပြေးပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုတို့ကို ပြည်နယ်သယံဇာတဝန်ကြီး ဦးစိုင်းလိတ်နှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား အမျိုးသမီး မီတာ(၁၀၀) လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အမျိုးသမီး အမျိုးသား လွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ကလပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘက်စကတ်ဘော ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများနှင့် အမျိုးသားရိုးရာခြင်းပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဆုရရှိသူ များအား ဆုတံဆိပ်နှင့် ငွေသားဆု (၂)သိန်း၊ (၃)သိန်း၊ (၅)သိန်း ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆု(၂)သိန်း တို့ကို တိုင်းရင်းသားရေးရာဝန်ကြီး ဒုတိယဆုရရှိသူများအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု (၃)သိန်းတို့ကို သယံဇာတဝန်ကြီး၊ ပထမဆုရရှိသောအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်း ဆုဖလားတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အသီးသီး ဆုချီးမြှင့်ပေးကြပြီး အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသောအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု(၂)သိန်းတို့ကို ပြည်နယ်ဥပဒေချုပ်၊ ဒုတိယဆုရရှိသောအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု(၂)သိန်းတို့ကို ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပထမဆုရရှိသောအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်း ဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အသီးသီး ဆုချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482