
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ရှမ်းပြည်နယ် ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကျိုင်းတုံမြို့ရှိ ပြည်နယ် ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဇန်နဝါရီ(၅)ရက် ညနေ (၃)နာရီက တြိဂံဒေသတိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကိုဗစ် – ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး၊ တြိဂံဒေသတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ် – ၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ၏ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပြောကြား၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ မြို့နယ်စည်ပင်သာယာရေးခန်းမ၌ ကျင်းပသော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီး ထောက်ပံ့ ပေးနေသည့် ဘိုးဘွားရိပ်သာ(၁)ခု၊ မသန်စွမ်းပရဟိတဂေဟာ(၁)ခုနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၁)ခုတို့ကို လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ထောက်ပံ့ရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ပရဟိတဂေဟာနှင့်အတူ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်း(၁၁)ကျောင်းနှင့် မိခင်ဝိုင်း(၂၇)ကျောင်း တို့ကိုပါ ထောက်ပံ့ကြေး ပေးအပ်လျက်ရှိပြီး ယနေ့တွင် ဘိုးဘွားရိပ်သာ(၁)ခု၊ မသန်စွမ်းပရဟိတဂေဟာ(၁)ခုနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၁)ခုတို့အား နိုင်ငံတော်၏ကိုယ်စား ယခုလို ကိုယ်ထိလက်ရောက် ထောက်ပံ့ချီးမြှင့်ပေးခွင့်ရသည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနည်းတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့ထောက်ပံ့ပေးမည့် ကျိုင်းတုံခရိုင်အတွင်းရှိ ကျိုင်းတုံဘိုးဘွား ရိပ်သာအတွက် ကျပ်(၁,၁၀၂,၅၀၀ိ/)၊ စိန်မေရီမသန်စွမ်းဂေဟာအတွက် ကျပ်(၈၁၀,၀၀၀ိ/)၊ မေတ္တာရိပ်မြုံ လူငယ်ပရဟိတဂေဟာအတွက် ကျပ်(၁,၃၂၃,၀၀၀ိ/)၊ စုစုပေါင်း(၃,၂၃၅,၅၀၀ိ/) (ကျပ်သုံးဆယ့်နှစ်သိန်းသုံးသောင်းငါးထောင်ငါးရာတိတိ) ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုများကိုခံယူ၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ကျိုင်းတုံဘိုးဘွား ရိပ်သာအတွက် ကျပ်(၁,၁၀၂,၅၀၀ိ/)နှင့် မေတ္တာရိပ်မြုံ လူငယ်ပရဟိတဂေဟာအတွက် ကျပ်(၁,၃၂၃,၀၀၀ိ/)တို့ကို ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက စိန်မေရီ မသန်စွမ်းဂေဟာအတွက် ကျပ်(၈၁၀,၀၀၀ိ/)တို့ကို ထောက်ပံ့ပေးအပ်ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့နယ် စည်ပင် သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ကျိုင်းအင်းလမ်း ကတ္တရာထပ် ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော နောင်တုံကန် ကွန်ကရစ်တိုင်နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ကျိုင်းတုံမြို့ ဝစီပိတ်သီလဓမ္မကုန်းသာတောရ ကျောင်းဆရာတော်အား သွားရောက်ဖူးမျှော်ကာ နဝကမ အလှူငွေကျပ် သိန်း(၅၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့က ဆက်ကပ်လှူဒါန်းပေးကြပြီး ဗုဒ္ဓဥယျာဉ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့