ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု(၈၈၇)စု လူဦးရေ(၃၈၃၄)ဦး နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၈၇၇)ဦး ဆောင်ရွက်ပေးနိုင်

Jan 11, 2022

တာချီလိတ် ဇန်နဝါရီ – ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက်အောင်ပွဲကို ဇန်နဝါရီ(၉)ရက် နံနက်(၁၁)နာရီက တာချီလိတ်မြို့၊ အောင်မြတ် ခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ပန်းခင်း” စီမံချက်နှင့် ဆောင်ရွက်ပေးရန် (၅၄၀၆၃)ဦးရှိသည့်အနက် စီမံချက်စသည့် ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ ယနေ့ထိ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် အိမ်ထောင်စု (၆၉၆၃)စု၊ လူဦးရေ(၃၀၄၃၉)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၂၉၆၄)ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် လုပ်ငန်းပမာဏ (၆၀.၉၇%)ပြီးစီးပြီဖြစ်ကြောင်း၊ တာချီလိတ်ခရိုင်တွင် ယနေ့အထိ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် အိမ်ထောင်စု(၈၈၇)စု၊ လူဦးရေ (၃၈၃၄)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၈၇၇)ဦးကို ဆောင်ရွက်ပေးနိုင်သည့်အတွက် လုပ်ငန်းပမာဏ (၄၈.၁၉)% ပြီးစီးပြီ ဖြစ်ကြောင်း၊ ယခုအခမ်းအနားတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာချီလိတ်မြို့နယ်အတွက် အိမ်ထောင်စု (၃၀)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၀၀)ဦး၊ မိုင်းဖြတ်မြို့နယ်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၁၁)ဦး၊ မိုင်းယောင်းမြို့နယ် အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂၈)ဦး၊ ခရိုင်အနေဖြင့် အိမ်ထောင်စု(၃၀)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၃၉)ဦး အတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် လျာထားချက်ပြီးမြောက်အောင်မြင်ကြောင်း မိုင်းဖြတ် =မြို့နယ် ဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အသီးသီးပေးအပ်ကြပြီး ဒေသခံတိုင်းရင်းသားများ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာချီလိတ် ခရိုင်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများနှင့် ဘိုးဘွားရိပ်သာတို့အား ၂၀၂၁ ခုနှစ် (အောက်တိုဘာလ)မှ ၂၀၂၂ခုနှစ်၊ (မတ်လ)အထိ (၆)လတာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင်အတွင်းရှိ လူငယ်ပရဟိတဂေဟာ(၃)ခုနှင့် ဘိုးဘွားရိပ်သာ(၁)ခု တို့အား ထောက်ပံ့ငွေများပေးအပ်ရာ တာချီလိတ်ဘိုးဘွားရိပ်သာမှ ထောက်ပံ့ငွေ(၁၆၁၇၀၀ဝိ/-)၊ ရွှေတောင်တန်းလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ (၉၀၄၀၅၀ဝိ/-)၊ အောင်မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ (၇၆၄၄၀၀ဝိ/-)၊ ပြည့်စုံသက်တာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ (၁၆၄၇၀၀ိ/-)တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ဂေဟာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြပြီး ထောက်ပံ့ငွေများလက်ခံရရှိသည့် ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများ၏ ကိုယ်စား တာချီလိတ်ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းဆိုင်ကျောက်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482