
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ (၁၀)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှမ်းပြည်နယ်(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လျာထား ဦးရေ ပြည်သူ(၃,၂၀၉,၈၄၄)ဦး၊ ကျောင်းသားကျောင်းသူ(၁၄၆,၀၂၆)ဦး၊ စုစုပေါင်း(၃,၃၅၅,၈၇၀)ဦးအား ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့အထိ တစ်ကြိမ်ထိုးနှံပြီးသူ (၂,၀၂၄,၃၄၉)ဦး၊ နှစ်ကြိမ်မြောက် ထိုးနှံပြီးသူ (၁,၅၅၆,၃၁၅)ဦး ထိုးနှံပြီးစီးခဲ့ပြီး တစ်ကြိမ်ထိုးနှံပြီးစီးမှုအပေါ်တွင် ရာခိုင်နှုန်းအားဖြင့် (၆၀.၃၂%) လွှမ်းခြုံထိုးနှံနိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူများအနေဖြင့် လျာထားမှုအပေါ်တွင် (၈၈.၈%) ထိုးနှံဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်များတွင် ရောဂါဖြစ်ပွားမှုအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၃၇၀၇၂)ဦး၊ မြောက်ပိုင်းတွင် (၂၉၁၁၈)ဦး၊ အရှေ့ပိုင်းတွင် (၁၆၇၉၅)ဦး၊ စုစုပေါင်း(၈၂၉၈၅)ဦး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၃၂၇)ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ (၇၉၉၃၃)ဦးရှိခဲ့သဖြင့် ရောဂါဖြစ်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး အစည်းအဝေးတက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြ၍ ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက် ပြောကြားကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့