
ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဥ်(၁/၂၀၂၂) ကျင်းပ

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဥ်(၁/၂၀၂၂)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၂)ကို ဇန်နဝါရီ(၁၁)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်စီမံကိန်းများတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးနှင့်လျော်ကြေးရထိုက်ခွင့်ရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား နစ်နာကြေးနှင့် လျော်ကြေးပေးချေနိုင်ရေး၊ မြို့နယ်နှင့်ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အမြန်ဆုံးစိစစ်တွက်ချက်တင်ပြလာမှသာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ထောက်ခံပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြနိုင်မှာဖြစ်သည့်အတွက် မြန်မြန် ဆန်ဆန် တင်ပြရန် လိုအပ်မှာဖြစ်၍ မှာကြားလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြေလွတ် မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသော အမှုတွဲ များတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေနှင့်အညီ စီမံခန့်ခွဲသော မြေနှင့်လွတ်ကင်းသော ဧရိယာများကိုသာ စိစစ်ခွင့်ပြု ပေးလျက်ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစွာ ပေါကြွယ်ဝသည့်အတွက် ဒေသနှင့် ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ခွင့်ပြုပေးနေသည့်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကြပြီး ဒေသနှင့် ကိုက်ညီမည့် ကော်ဖီ၊ လက်ဖက်၊ လိမ္မော်၊ မက္ကဒေးမီးယား စသည့် နှစ်ရှည်ပင်များနှင့် ဆီထွက်သီးနှံများကိုလည်း ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဥ် (၆/၂၀၂၁) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဥ် (၆/၂၀၂၁) ဆုံးဖြတ်ချက် များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၂) တင်ပြချက်များနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့