
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေး ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ(၁၉)ရက် နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ဆုတစ်ခုချင်းအလိုက်ဖြစ်သည့် လူမှုထူးချွန်ဆု၊ စီမံ ထူးချွန်ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆု၊ ကျန်းမာရေး ထူးချွန်ဆုများ ဆုချီးမြှင့်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာစိစစ်ရေး ကော်မတီဝင်များက ဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ် ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခြင်းတွင် ပထမအဆင့် ရွှေချိန်(၈)ပဲနှင့် ငွေသားကျပ်၊ ဒုတိယအဆင့်တွင် ရွှေချိန်(၆)ပဲနှင့် ငွေသားကျပ်၊ တတိယအဆင့် ရွှေချိန်(၄)ပဲနှင့် ငွေသားကျပ်များ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့