ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

Jan 27, 2022

တောင်ကြီး ဇန်နဝါရီ-၂၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက်မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ(၂၆)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ဆက်လက်၍ အမျိုးသမီး (၅၇-၆၁)ကီလိုတန်း ဗန်တိုလက်သိုင်းအတိုက်ပြိုင်ပွဲ၊ အမျိုးသား(၄၅-၅၀)ကီလိုတန်း ဓါးတစ်လက်အတိုက်ပြိုင်ပွဲနှင့် အမျိုးသား (၅၃-၅၇)ကီလိုတန်း ဗန်တိုလက်သိုင်းအတိုက်ပြိုင်ပွဲ ဗိုလ်ပွဲယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြပြီး ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသားအမျိုးသမီး (၄၅-၄၉)ကီလို ဗန်တိုအတိုက် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသား/အမျိုးသမီး(၄၉-၅၃)ကီလိုဗန်တိုအတိုက် တွင် ပူးတွဲတတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသား/အမျိုးသမီး (၅၃-၅၇)ကီလိုဗန်တိုအတိုက်တွင် ပူးတွဲ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသား(၅၇-၆၁)ကီလိုဗန်တိုအတိုက်တွင် ပူးတွဲတတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆုများချီးမြှင့် ပေး၍လည်းကောင်း၊ အမျိုးသမီး(၅၇-၆၁)ကီလိုဗန်တိုအတိုက်၊ အမျိုးသား(၆၁-၆၅)ကီလိုဗန်တိုအတိုက်၊ အမျိုးသမီး (၆၁-၆၅)ကီလိုဗန်တိုအတိုက်တွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား(၆၅-၆၉)ကီလို ဗန်တိုအတိုက်တွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသမီး(၄၀-၄၅)ကီလို ဓါး(၁)လက်အတိုက်ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသား(၄၅-၅၀)ကီလို ဓါး(၁)လက်အတိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယ၊ ဒုတိယ၊ ပထမဆုရှိသူများကို ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီး(၄၅-၅၀)ကီလို ဓါး(၁)လက်အတိုက်ပြိုင်ပွဲ တွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသား (၅၀-၅၅)ကီလို ဓါး(၁)လက်အတိုက်တွင် ပူးတွဲတတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသမီး(၅၀-၅၅)ကီလို ဓါး(၁)လက်အတိုက်တွင် ဒုတိယ၊ ပထမဆုရရှိသူများကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား(၄၅-၅၀)ကီလို ဓါး(၂) လက်အတိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသမီး(၄၅-၅၀-၅၅)ကီလို ဓါး(၂)လက် အတိုက်တွင် ဒုတိယ၊ ပထမဆုရရှိသူများ၊ အမျိုးသား(၅၀-၅၅)ကီလို ဓါး(၂)လက်အတိုက်တွင် တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိသူများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား(၅၅-၆၀)ကီလို ဓါး(၂)လက်အတိုက်ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ၊ (၃)ဦးတွဲစွမ်းရည်ပြ (၆၃)မောင်းပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ စွမ်းရည်ပြဓါး(၂)လက်အပြပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများ၊ စွမ်းရည်ပြ ဓါး(၁)လက်အပြပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများနှင့် စုပေါင်းတံခွန်စိုက်ရရှိသွားသော လင်းခေးမြို့နယ်အား တံခွန်စိုက်ဖလားတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ဆုများသီးသီးချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482