
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှစ်ပတ်လည်နေ့အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
တောင်ကြီး ဖေဖော်ဝါရီ – ၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှစ်ပတ်လည်နေ့ အထိမ်း အမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းပွဲကို ဖေဖော်ဝါရီ(၁)ရက် နံနက်(၁၀)နာရီခွဲ က တောင်ကြီးမြို့ အတုလမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံကြီး၌ ကျင်းပသည်။
အခမ်းအနားကို ဆရာတော်သံဃာတော်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္တဝါ စကပဏ္ဍိတ တောင်ကြီးမြို့သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ ငါးပါး သီလခံယူ ဆောက်တည်ကြပြီး မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ဆရာတော်အား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်ဝန်ကြီးများ၊ အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆရာတော်သံဃတော်များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တ တေဇဝန္တထံမှ ရေစက်သွန်းချ တရားနာယူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ရုတ်သိမ်းလိုက်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့ နယ်အဆင့်ဌာနဆိုင်ရာများ တို့က ဆရာတော်သံဃာတော်အပါး (၅၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပေးကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံ ခရစ်ယာန်အသင်းတော်၌ တိုက်ပွဲရှောင်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အသုံးဆောင်ပစ္စည်းများ ဆန်၊ ဆီနှင့် ဟင်းချက်ရိက္ခာ ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တိုက်ပွဲရှောင်ပြည်သူ များအား ထောက်ပံ့ပစ္စည်းပေးအပ်ရာ ကရင်နှစ်ခြင်းဘုရားကျောင်းမှ တာဝန်ခံ ဦးဝစ်တန်ရွှေ မှလက်ခံ၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးမှ ထောက်ပံ့ပစ္စည်းများပေးအပ်ရာ စိန့်ထရေဇာရဟန်ဖြစ်ဘုရားကျောင်းမှ တာဝန်ခံ ဂျူးလိယက်မှ လက်ခံရရှိ၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ တောင်ကြီးမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူငွေများနှင့် ပစ္စည်းများလက်ခံထောက်ပံ့ရေးကော်မတီ ဦးစိုင်းဇော်ဇော်၊ ရှမ်းပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဝင်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးထွန်းဦးတို့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြပြီး တိုက်ပွဲရှောင်ပြည်သူများ ကိုယ်စား တိုင်းရင်းသားပေါင်းစုံခရစ်ယာန်ကျောင်းမှ ဦးခွန်သန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မိုးကုတ်ဝိပဿနာ ရိပ်သာ၌ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ အသုံးအဆောင်ပစ္စည်းများ၊ ဆန်၊ ဆီနှင့် ဟင်းချက်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်ရာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူ တို့က တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူ အသီးသီးလက်ခံရယူ၍ တိုက်ပွဲ ရှောင်ပြည်သူများ ကိုယ်စား တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူ (၂၃၁၉) ဦးအား တောင်ကြီးမြို့နယ်သို့ ရောက်ရှိလာရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာ များနှင့် ငွေသားစုစုပေါင်း ကျပ်(၁၂,၁၇၄,၇၅၀)၊ တောင်ကြီးမြို့နယ် တိုက်ပွဲရှောင်ပြည်သူများ အတွက် အလှူငွေများနှင့် ပစ္စည်းများ လက်ခံ ထောက်ပံ့ရေးကော်မတီဝင်မှ ငွေကျပ်(၁,၁၅၉,၅၀၃)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းနောက် ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း တက်ရောက်အမှာစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး တို့က ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့