ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်းအေရိုဗစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

Feb 2, 2022

တောင်ကြီး ဖေဖော်ဝါရီ-၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည်နေ့အထိမ်းအမှတ်၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အမျိုးသမီးအား ကစားအဖွဲ့ဆပ်ကော်မတီနာယကဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုဗစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ဖေဖော်ဝါရီ(၂)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။

ဆက်လက်၍ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(Aerobic)ပြိုင်ပွဲတွင် (၅)ယောက်တွဲ၊ (၃)ယောက်တွဲ၊ (၁)ဦး ချင်း ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများမှ ပြန်လည်ဖျော်ဖြေတင်ဆက်ရာရှမ်း ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကနှင့် တာဝန်ရှိသူများက ကြည့်ရှူအားပေးကြပြီး ဆုချီးမြှင့်ပွဲကျင်းပရာ(Aerobic)ပြိုင်ပွဲဝင် အသင်းများအား ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဒေါက်တာခင်ခင်ထူးနှင့် အဖွဲ့က ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်၍လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(Aerobic) တစ်ဦးချင်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော တောင်ကြီးခရိုင်အသင်း၊ တတိယဆုရရှိသော လွိုင်လင်ခရိုင်အသင်း၊ ဒုတိယဆုရရှိသော လားရှိုးခရိုင်အသင်း၊ ပထမဆုရရှိသောတာချီလိတ်ခရိုင်အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆု များကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (Aerobic) (၃)ဦးပြိုင်ပွဲတွင်နှစ်သိမ့်ဆုရရှိသော ကျိုင်းတုံခရိုင်၊ တတိယဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယဆုရရှိသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ဇနီးမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ (Aerobic)(၅)ဦးတွဲ အသင်းလိုက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်း၊ တတိယဆုရရှိသော လွိုင်လင်ခရိုင်အသင်း၊ ဒုတိယဆုရရှိသော ကျိုင်းတုံခရိုင်အသင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းတို့အား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်နှင့်ဇနီးတို့က ဆုတံဆိပ်နှင့် ငွေသားဆုများ ကိုချီးမြှင့်ပေး၍လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (Aerobic)ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဖလား ရရှိသွားသော တောင်ကြီးခရိုင်အသင်းအား ဆုဖလားကို ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယက ဒေါက်တာ ခင်ခင်ထူးမှ ချီးမြှင့်ပေးကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482