(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဆုပေးပွဲကျင်းပ

Feb 11, 2022

တောင်ကြီး ဖေဖော်ဝါရီ – ၁၁

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးကောလိပ် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ဆုပေးပွဲ (ပြည်နယ်အဆင့်နှင့် ပညာရေးဒီဂရီကောလိပ်အဆင့်) ကို ဖေဖော်ဝါရီ (၁၁)ရက်မွန်းလွဲ(၁) နာရီက တောင်ကြီးမြို့ပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သင်တန်းသားများက`ပြည်မြန်မာ´သီချင်း သီဆိုဖွင့်လှစ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းမှာ သင်တန်းသား၊ သင်တန်းသူများမှတစ်ဆင့် အနာဂတ်မျိုးဆက်သစ်နိုင်ငံသားကောင်းများကို စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ထာဝရရှင်သန်ထက်မြက်စေရန်အတွက် ပြုစုပျိုးထောင်ပေးနိုင်ရန် ပြောကြားသည်။

ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းခွင် အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း(PPTT)အမှတ်စဥ် (၇/၂၀)မှ သင်တန်းသူ မပန်းအိတင်ဇာ က ပြည်ထောင်စုနေ့ ပေါ်ပေါက် လာပုံသမိုင်းကြောင်းအားဟောပြော၍ ပြည်နယ်အဆင့် ဆုချီးမြှင့်ပေးရာ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်မှ ဆုများ ချီးမြှင့်ပေး၍လည်းကောင်း၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျောင်းအဆင့် ဆုရရှိသူများအား တောင်ကြီးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းကြူဦး နှင့် တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့်ပေးကြပြီး သင်တန်းသားများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်”ဖြင့် သီဆိုဖျော်ဖြေကြကြောင်းသိရသည်။

ထို့နောက် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲကျိုင်းတုံခန်းမ၌ တောင်ကြီးတက္ကသိုလ်အဆင့်ဆုပေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး ဆုရရှိသူများအား ဆုများကို အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482