ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Feb 25, 2022

တောင်ကြီး ဖေဖော်ဝါရီ – ၂၅

ရှမ်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၃/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ(၂၁)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်ရှိ မြို့နယ်များအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားသည့်ကာလ ၂၀၂၁ ခုနှစ် ဇွန်လ(၁)ရက်နေ့မှ ယနေ့ထိ ရောဂါကူးစက်ခံရသူ(၈၄၅၇၁)ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ (၈၁၅၇၂)ဦး၊ သေဆုံးသူ(၂၃၇၈)ဦးရှိပြီး ကျန်ရှိသည့်ကုသမှုခံယူဆဲ အတည်ပြုလူနာ(၆၂၁)ဦးအား သက်ဆိုင်ရာမြို့နယ်များရှိ ကုသရေး စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ယခုနောက်ဆုံးတွေ့ရှိမှုအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ ပိုးတွေ့ရှိမှုစာရင်းအရ ပိုးတွေ့ရှိသူ(၁၃၅၆)ဦး တွေ့ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၁၈)ရက်နေ့အထိ ပိုးတွေ့ရှိမှုအနေဖြင့် (၁၁၃၇)ဦးရှိပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းအားဖြင့် လျော့နည်းသွားခြင်း မရှိသေးကြောင်း၊ နောက်ဆုံး ကိုဗစ်-၁၉ မျိုးကွဲဖြစ်သည့် Omicron သည် ကူးစက်မြန်သည့်အတွက် ဖြစ်ပွားမှုနှင့် ပြန့်ပွားမှု များအား ထိန်းချုပ်ရန်၊ တွေ့ရှိမှုများရှိလာပါက အလျင်အမြန်တုံ့ပြန်ရန်၊ ကွင်းဆက်ဖြတ်နိုင်ရန်ကိစ္စများကို ပြည်နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီများသို့ ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် တောင်ကြီးမြို့နယ်တွင် ပိုးတွေ့ရှိသူ(၁၁၇)ဦး၊ လားရှိုးမြို့နယ်တွင် ပိုးတွေ့ရှိသူ(၁၈)ဦး၊ တာချီလိတ်မြို့နယ်တွင် ပိုးတွေ့ရှိသူ(၁၇)ဦး စသည့်မြို့နယ် များတွင် အများဆုံးတွေ့ရှိရပြီး ကျန်မြို့နယ်များတွင်လည်း အနည်းငယ်တွေ့ရှိရပါကြောင်း၊ ပိုးတွေ့ရှိမှုများကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေးနှင့် ပိုးတွေ့ရှိသူများကို Version 7 နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကြပ်မတ်ဆောင်ရွက်ကြရန်၊ အလေးအနက်ထား ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လျာထားဦးရေ ပြည်သူ (၃၂၀၉၈၄၄)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၄၆၀၂၆)ဦး၊ စုစုပေါင်း (၃၃၅၅၈၇၀)ဦးအား ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခဲ့ရာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့အထိ တစ်ကြိမ်ထိုးနှံပြီးသူ(၂၁၁၅၉၂၆)ဦး၊ နှစ်ကြိမ်မြောက် ထိုးနှံပြီးသူ(၁၇၉၅၂၆၆)ဦး ထိုးနှံပြီးစီးခဲ့ပြီး တစ်ကြိမ်ထိုးနှံပြီးစီးမှုအပေါ်တွင် ရာခိုင်နှုန်းအားဖြင့် (၆၃%) လွှမ်းခြုံ ထိုးနှံနိုင်ခဲ့ပြီး နှစ်ကြိမ်ထိုးနှံပြီးစီးမှုအပေါ်တွင် ရာခိုင်နှုန်းအားဖြင့် (၅၃%)လွှမ်းခြုံထိုးနှံနိုင်ခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် လျာထားမှုအပေါ်တွင် (၉၈.၈%) ထိုးနှံဆောင်ရွက်နိုင်ခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံရန် အကျုံးဝင်သူလျာထား (၆၁၇၉၂)ဦးရှိရာ (၆၆၉၉)ဦး ထိုးနှံနိုင်ခဲ့ပြီးဖြစ်သဖြင့် (၁၀.၈%) ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးအောင်မြင့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြကာ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များကို ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482