
ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဥ် (၂/၂၀၂၂)ကျင်းပ

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၂)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ရေးကော်မတီ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၂)ကို ဇန်နဝါရီ(၂၅)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီမှ ခွင့်ပြုပေးနိုင်သည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံးဖြတ်ပြီး ပြည်နယ် အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် ခွင့်ပြုပေးသလို ဆက်လက်တင်ပြရမည့် ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆက်လက်တင်ပြ ဆောင်ရွက်နေသည့်အကြောင်း အသိပေးပြောကြားလိုပါကြောင်း၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်၍မရသည့် မြေများအပေါ် အခြားနည်းအသုံးပြုရန် လျှောက်ထားဆောင်ရွက်သွားရန် လိုအပ်ပြီး ပြည်နယ်အတွင်းမှာရှိသည့် မြေလွတ်၊ မြေရိုင်းများကိုလည်း အမှန်တကယ် အကောင်အထည်ဖော်လိုသည့် လုပ်ငန်းအပေါ်မူတည်ပြီး လျှောက်ထားလာပါက အမြန်ဆုံးစိစစ် ထောက်ခံ တင်ပြခြင်း၊ ခွင့်ပြုပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းက လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၂) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၂) ဆုံးဖြတ်ချက် များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ကာ မြေယာအယူခံ အမှုတွဲများ ဆွေးနွေးဆုံးဖြတ်ပြီး ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၂) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့