ရှမ်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Mar 14, 2022

တောင်ကြီး မတ် – ၁၄

ရှမ်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၄/၂၀၂၂ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်(၁၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရအဖွဲ့ခွဲနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ၂၀၂၂ခုနှစ် မတ်လ(၁၃)ရက် ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ပိုးတွေ့ရှိသူ(၂၂)ဦး၊ (မြောက်ပိုင်း)တွင် ပိုးတွေ့ရှိသူ(၉)ဦးနှင့် (အရှေ့ပိုင်း)တွင် ပိုးတွေ့ရှိသူ(၆၆)ဦး တွေ့ရှိခဲ့ရာ တစ်ပတ်အတွင်း ပိုးတွေ့ရှိမှု နှိုင်းယှဉ်ချက်စာရင်းအရ ၂၀၂၂ ခုနှစ် မတ်လ(၆)ရက်နေ့တွင် ပိုးတွေ့ရှိသူ (၁၄၂)ဦးတွေ့ရှိခဲ့ပြီး မတ်လ(၁၃)ရက်တွင် ပိုးတွေ့ရှိသူ(၉၇)ဦးတွေ့ရှိခဲ့ရာ(၄၅)ဦးလျော့နည်းကျဆင်းသွားသည်ကို တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လျာထားဦးရေ ပြည်သူ(၃၂၀၄၇၄၂)ဦး၊ ကျောင်းသား/သူ(၁၅၂၇၈၇)ဦး၊ စုစုပေါင်း(၃၃၅၇၅၂၉)ဦးအား ကာကွယ်ဆေးထိုးနှံဆောင်ရွက် ပေးခဲ့ရာ ၂၀၂၂ခုနှစ် မတ်လ(၁၃)ရက်အထိ ပထမအကြိမ်ထိုးနှံပြီးသူ (၂၁၉၅၅၂၀)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၆၅) ရာခိုင်နှုန်း၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ(၁၈၉၇၂၄၆)ဦး ရာခိုင်နှုန်းအားဖြင့် (၅၇)ရာခိုင်နှုန်းထိုးနှံ ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံပြီးစီးရေး လမ်းညွှန်ချက်အပေါ်ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် အင်အား(၁၂၀၉၂၉၉)ဦးတွင် ၂၀၂၂ခုနှစ်မတ်လ(၁)ရက်မှ(၁၃)ရက်အထိ(၅၆၀၇၄)ဦးသာ ထိုးနှံနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၄.၆၄)ရာခိုင်နှုန်းသာ ဆေးထိုးနှံဆောင်ရွက်နိုင်ခဲ့ပြီး ပြည်နယ်တစ်ခုလုံးအနေဖြင့် ၂၀၂၂ ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် (၆၁၁၂)ဦးသာထိုးနှံနိုင်ခဲ့သည်ကိုတွေ့ရှိရသဖြင့် ရာနှုန်းပြည့်လျာထား အင်အား ပြည့်မီအောင် ပျှမ်းမျှနေ့စဉ်(၃၀၂၃၂)ဦး ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်နိုင်မှုမရှိသည်ကို တွေ့ရှိရသဖြင့် လျာထားချက်ထက် လျော့နည်းမှုမရိစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ပတ်သက်၍ ပြောကြားပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့မှ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများမှ ဆွေးနွေးတင်ပြ၍ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)ရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆွေးနွေးတင်ပြကာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482