
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးစီးမှုနှင့် မှတ်ပုံတင်စစ်ဆေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
တောင်ကြီး မတ် – ၁၄

ရှမ်းပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးစီးမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)စစ်ဆေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်(၁၄)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁)ရက်မှစ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြနိုင်ပါကခရီးသွားလာခွင့် မရရှိနိုင်ပါကြောင်း၊ ဧပြီ(၁)ရက်မှစ၍ ခရီးသွားလာပြည်သူများ ထောက်ခံစာများဖြင့် သွားလာလို့ မရရှိ နိုင်ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသနိုင်မှသာ ခရီးသွားလာခွင့်ရရှိမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ပန်းခင်း စီမံချက်များကို ၂၀၂၁ ခုနှစ် မေလ(၃)ရက်မှစတင်၍ ဆောင်ရွက်လာခဲ့သည်မှာ ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် (၁၈)လပြည့်မည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း (၁၉)မြို့နယ် ဆောင်ရွက်ပြီးစီးခဲ့ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် (၆)မြို့နယ်၊ မြောက်ပိုင်းတွင်(၇)မြို့နယ်၊ အရှေ့ပိုင်းတွင်(၆)မြို့နယ် အားလုံး(၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ အခက်အခဲများရှိပါက တင်ပြရန်နှင့် မိမိတို့အစိုးရအဖွဲ့မှ မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်ကို အားလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှ ရှမ်းပြည်နယ်အတွင်း ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းနှင့် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တိုင်းဒေသများ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)ရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆွေးနွေးတင်ပြကာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့