တောင်ကြီးမြို့၌ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း

Mar 17, 2022

တောင်ကြီး မတ် – ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၂ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့ကို ဘွဲ့တံဆိပ်တော် အဆောင်အယောင်များ ဆက်ကပ် လှူဒါန်းပွဲကို မတ်(၁၆)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့မှ “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ထူးမခြားသီချင်းခံဖြင့် ပူဇော်ကာ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓနနာယဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တဇဝန္တထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓနာ နာယက ဆရာတော်အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တတေဇဝန္တထံမှ သမ္မောဒနီယ သြဝါဒကထာ မြွက်ကြား ချီးမြှင့်တော်မူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ လူပုဂ္ဂိုလ်များအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းပြီး တောင်ကြီးမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဘုရားကြီးအတွင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒထံမှ အနုမောဒနာတရားနာကြား၍ရေ စက်သွန်းလောင်း အမျှပေးဝေပြီး “ဗုဒ္ဓသာသနံစိရံဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂၀)ပါးနှင့် သီလရှင်(၄)ပါး လူပုဂ္ဂိုလ်(၃) ဦးအား ဘွဲ့တံဆိပ်တော် အဆောင်အယောင်များ ဆက်ကပ်အပ်နှံကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482