http://friendsmyanmar.ning.com တွင်ဖော်ပြထားသည့် ” မိတ္ထီလာမှာ ဗုဒ္ဗဘာသာနဲ့ မွတ်ဆလင် ဖြစ်သကဲ့သို့ တောင်ကြီးမြို့တွင်လည်း အလားတူချိန်ကိုက်ဗုံး ဖြစ်နေသည့် ကလောပလာဇာ” ဆိုသောဖော်ပြချက်အပေါ်ရှင်းလင်းချက်

Mar 26, 2013

တောင်ကြီး မတ် ၂၆

၁။ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အောင် သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးဖြစ်သကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးလည်းဖြစ်ပါသည်။
၂။ ” မိတ္ထီလာမှာ ဗုဒ္ဗဘာသာနဲ့ မွတ်ဆလင် ဖြစ်သကဲ့သို့ တောင်ကြီးမြို့တွင်လည်း အလားတူ ချိန်ကိုက်ဗုံးဖြစ်နေသည့် ကလောပလာဇာ” ဟူသောဖော်ပြချက်သည် အခြေအမြစ်မရှိသော ဖော်ပြချက်များဖြစ်သကဲ့သို့တစ်ဖက်တွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို မမှန်မကန်သတင်းလွှင့် ဖော်ပြလျက် ပြည်သူလူထု အထင်အမြင်လွှဲမှားအောင်၊ အထူးသဖြင့် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံအတွင်း မတည်မငြိမ်မှုများနည်းတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်လည်း မတည်မငြိမ် ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပြီး မမှန်မကန်လုပ်ကြံဖန်တီး သည်ဟုသုံးသပ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ၂၄-၃-၂၀၁၃ ရက်နေ့က http://friendsmyanmar.ning.com  တွင်ဖော်ပြထား သော ” မိတ္ထီလာမှာ ဗုဒ္ဗဘာသာနဲ့ မွတ်ဆလင် ဖြစ်သကဲ့သို့ တောင်ကြီးမြို့တွင်လည်း အလားတူ ချိန်ကိုက်ဗုံးဖြစ်နေသည့် ကလောပလာဇာ” ဟူသောဖော်ပြချက်သည် ရှမ်းပြည်နယ်အတွင်း မတည်မငြိမ် ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ဖော်ပြခြင်းသာဖြစ်ပါကြောင်း ပြည်သူလူထုသိရှိ နိုင်ရန် ပြန်လည်ရှင်းလင်း ဖော်ပြအပ်ပါသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482