ကျိုင်းတုံ ဇူလိုင်-၃၁
( ၇/ ၂၀၂၅ ) လအတွက် လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ( ဒါဘာ )နှင့် ဝန်ထမ်းသက်သာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို ဇူလိုင်လ(၃၁) ရက် နံနက်( ၁၀ ) နာရီတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ကျိုင်းတုံ ) ရုံးနှင့် မိုင်းလားခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စုစုပေါင်းအင်အား ( ၄၀ ) ဦးတို့နှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ( ၇/ ၂၀၂၅ ) လအတွက် လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကျင်းပပြုလုပ်ခြင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ ဝန်ထမ်းများအား ( ၇/ ၂၀၂၅ ) လအတွက် ဝန်ထမ်းသက်သာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ရှင်းလင်း ဆွေးနွေးမှာကြားခြင်းများပြုလုပ်ခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကားပြောကြားကာ ( ၁၀၄၀ ) နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။ ထောက်ပံ့ပစ္စည်းများမှာ ဝန်ထမ်းတစ်ဦးစီအား ဆီ (၅၀)သား (၁)ဗူး၊ ကြက်ဥ (၂၀)လုံး၊ ကြက်သွန်နီ (၁)ပိသာနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး