တောင်ကြီး ဇန်နဝါရီ-၄
(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကိုဇန်နဝါရီ (၄)ရက်နံနက်(၄)နာရီမိနစ်(၂၀)က တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များမှ နိုင်ငံတော်အလံအား အလေးပြုကြသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက်(၇)နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ကျင်းပရာ စစ်ရေးပြတပ်ခွဲမှ စစ်ကြောင်းများဖြင့်ချီတက်နေရာယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းအားအလေးပြု၍ အခမ်းအနား တက်ရောက်လာကြသော ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့မှ နိုင်ငံတော်သီချင်းကို တီးမှုတ်ဂုဏ်ပြုပြီး ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုကာ ဂုဏ်ပြုစစ်ကြောင်းမှ သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအားဖတ်ကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ စစ်ရေးပြတပ်ဖွဲ့များနှင့် ဂုဏ်ပြုစစ်တီးဝိုင်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ထို့နောက် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားများကို ပြည်နယ်အားကစားကွင်း၌ကျင်းပရာ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ရာပြိုင်ပွဲများ၊ မြန်မာသိုင်းပြိုင်ပွဲ၊ ဘတ်စကက်ဘော၊ ချောတိုင်တက်၊ ဘောလုံးဂိုးကျဥ်းသွင်း၊ သံပုံးရိုက်၊ ခြေသုံးချောင်းထောက်၊ ပူစီဖေါင်ဖောက်၊ အမျိုးသား၊ အမျိုးသမီးလွန်ကြိုးဆွဲပြိုင်ပွဲ၊ မသန်စွမ်းပြိုင်ပွဲ၊ အပ်နားဖာထိုး၊ ခေါင်းအုံးရိုက်၊ အာလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ စကော်ရွက်မီတာ(၁၀၀)(၄၀၀)ပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်ကြပြီး အားကစားယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြ၍ ပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသော ကျောင်းများနှင့် ပြိုင်ပွဲဝင်များကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
