ပင်းတယ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၇)ကြိမ်မြောက် ပြည်ထောင်စု နေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများသို့ စာသင်ခုံ( Single Desk & Chair)အမြင့်များပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ၉ရက် နံနက် ၁၀ နာရီကဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်)၊ ပညာ့ရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအ ကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဓနုကိုယ်ပို်ငအုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အခြေခံပညာကျောင်းများတွင် သင်ကြားမှု/သင်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်အတွက် တင်ဒါအောင်ကုမ္ပဏီများမှ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများသို့ ပေးပို့လာသော (Single Desk & Chair)အနိမ့် /အမြင့်များကို အခြေခံပညာဦးစီးဌာနမှ ခွဲဝေချထားပေးခဲ့ရာ ပင်းတယမြို့နယ်အတွင်းကျောင်းဆောင်သစ်ဆောက်လုပ် ခွင့်ရရှိခဲ့သည့် အခြေခံပညာကျောင်း စုစုပေါင်း (၆)ကျောင်းအတွက် ( Single Desk & Chair) (၂၅၂၀)စုံကိုရရှိခဲ့ပါကြောင်း၊ စာသင်ခုံများကိုခွဲဝေရရှိခဲ့သည့် ကျောင်းများအနေဖြင့်စည်းကမ်းရှိရှိ၊ စနစ်တကျနှင့် ရိုရိုသေသေသုံးစွဲကြစေလိုကြောင်းနှင့် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ ဒေသအတွင်းမှရှိသည့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ခုံပရိဘောဂများပြည့်စုံရေးနှင့် ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးအတွက် ပညာရေးဌာနအနေဖြင့် အခြေားဆက်စပ်ဌာနများ၊ အုပ်ချုပ်သူများနှင့်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တင်ဒါအောင်ကုမ္ပဏီ Shan Home Land မှတာဝန်ခံက စာသင်ခုံများအား သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများထံသို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး