
ကျိုင်းတုံ အောက်တိုဘာ-၁၅
(၆၆)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်နေ့လည် ၁နာရီတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယထွေ/အုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်း က အဖွင့်အမှာစကားပြောကြားခြင်း၊ ၂၀၂၅ ခုနှစ်၊ (၆၆)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှတ်တမ်း ဆုံးဖြတ်ချက်များအား ဖတ်ကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မိမိတို့ ကော်မတီနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များအပါ် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရတင်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့