
ကျိုင်းတုံ စက်တင်ဘာ-၁၅
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ၊ စက်တင်ဘာလ ၁၅ ရက် နံနက် ၉နာရီတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အမှတ်(၃) တပ်မတော်ဆေးရုံ(ကုတင်-၃၀၀)ကျိုင်းတုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသိရှိရသည်၊၊
ထို့နောက်ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် ဦးဆောင်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျိုင်းတုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဆက်အောင်က အဖွင့်အမှာစကားပြောကြားခြင်း၊တိုင်းမှူး ဦးစီး၍ တာဝန်ရှိသူများသည် သင်တန်းသားများနှင့်အတူ နံနက်စာသုံးဆောင်ခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးအား အားကစားပစ္စည်းများပေးအပ်ခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ငွေ(၁၀,၀၀၀,၀၀၀ိ/-)ကျပ်အား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)၊ ဥက္ကဌ ဦးတင်လင်းက ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်ထံ ပေးအပ်ခြင်း၊ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးအား တစ်ကိုယ်ရေသုံးပစ္စည်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး