ဆီဆိုင် စက်တင်ဘာ-၈
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ ၈ ရက် နံနက် ၈ နာရီခွဲက ဆီဆိုင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်း ဦးဆောင်ပြီး ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြင့်စိုး၊ မြို့မစခန်းမှူး ဒုတိယရဲမှူး ဇော်လင်းဦး နှင့် ရဲတပ်ဖွဲ့ဝင် (၃၅)ဦးတို့က မြို့နယ်ပြည်သူ့ဆေးရုံးဝန်းရှိ သစ်ပင်ချုံနွယ်များ၊ မြက်ပင်များအား လူအင်အားနှင့် မြက်ရိတ်စက်တို့ဖြင့် စုပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး