လွိုင်လင် ဇူလိုင်-၂၂
လွိုင်လင်မြို့၊ ရတနာစည်ကျောင်းတိုက်၌ ဇူလိုင်လ(၂၂) ရက်နေ့လည် ၁ နာရီခွဲက ကျင်းပပြုလုပ်သော ရတနာစည်စာသင်တိုက် (၄၁)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအတွက် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကြည်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး