တောင်ကြီး ဇွန်-၂
(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်းဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအောင်မြင်စွာကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်(၂)ရက်မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ မူးယစ်ဆေးဝါးများသည် အသစ်အဆန်း တီထွင်ထုတ်လုပ်လာကြသည်ကို တွေ့ရပါကြောင်း၊ လူငယ်များအတွက် အလွန်အန္တရာယ်များပြီး ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊ သုံးစွဲမှုလွယ်ကူပြီး အမြတ်အစွန်းများများရသည့် မူးယစ်ဆေးဝါးအသစ်များကိုလည်း နေရာဒေသအနှံ့တွင် အများအပြား ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးအသစ်ဖြစ်သည့် Happy Water ၊ ကတ်တမင်းလိုဆေးဝါးအသစ်များကို လူငယ်များအကြား ရေပန်းစားလျက်ရှိပြီး ကျား/မ မရွေး၊ အသက်အရွယ်မရွေး KTV Barနှင့် ကလပ်များတွင် တွင်တွင်ကျယ်ကျယ်သုံးစွဲလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖျက်ဆီးခဲ့သည့်မူးယစ်ဆေးဝါးများကို နှစ်အလိုက်နှိုင်းယှဥ်ကြည့်ပါက ၂၀၁၅ခုနှစ်တွင် မြန်မာငွေကျပ် ၉၃ဘီလံကျော်၊ ၂၀၁၆ခုနှစ်တွင် မြန်မာငွေကျပ် ၃၇ဘီလီလံကျော်၊ ၂၀၁၇ခုနှစ်တွင် မြန်မာငွေကျပ် ၁၉၅ဘီလီယံလံကျော်၊ ၂၀၁၈ခုနှစ်တွင် မြန်မာငွေကျပ် ၁၄၈ဘီလီလံကျော်၊ ၂၀၁၉ခုနှစ်တွင် မြန်မာငွေကျပ် ၂၂၅ဘီလီယံကျော်၊ ၂၀၂၀ခုနှစ်တွင် မြန်မာငွေကျပ် ၉၄၉ဘီလီယံကျော်၊ ၂၀၂၁ခုနှစ်တွင် မြန်မာငွေကျပ် ၅၆၂ဘီလီယံကျော်၊ ၂၀၂၂ခုနှစ်တွင် မြန်မာငွေကျပ် ၅၁၅ဘီလီယံကျော်၊ ၂၀၂၃ခုနှစ်တွင် မြန်မာငွေကျပ် ၃၅၅ဘီလီယံကျော်၊ ၂၀၂၄ခုနှစ်တွင် မြန်မာငွေကျပ် ၄၅၆ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အသီးသီးဖျက်ဆီးနိုင်ပါကြောင်း၊ ယခုအကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လိုအပ်ချက်၊ အကြံပြုချက်များ၊ ယခင်နှစ်များက အားနည်းချက်၊ အားသာချက်များကိုလည်း အသီးသီးဆွေးနွေးတင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးချုပ်စိန်ဝင်းက ဆွေးနွေးတင်ပြပြီး အတွင်းရေးမှူးရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ကျော်ဟန်မှ ယခင်နှစ်မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ယခုနှစ်အခမ်းအနားဆောင်ရွက်မည့် အစီအမံအားရှင်းလင်းတင်ပြကြောင်း သိရသည်။
၎င်းနောက် ဆပ်ကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး